အခုတလော စစ်ပွဲအခြေအနေတွေကစိတ်ဝင်စားစရာ၊ နိုင်ငံရေးအခြေအနေနဲ့ စီးပွားရေး စစ်ရေးတွေကြား၊ လူတွေရဲ့ စိတ်ဓါတ်တွေလဲဘယ်ဆီကိုဦးတည်နေလဲ၊ အဆင်ပြေနေတဲ့သူတွေကလဲအများကြီး၊ ဆင်းရဲဒုက္ခခံစားနေကြရတဲ့သူတွေကလဲများ၊ ကြိုးစားရုန်းကန်ပြီးမြော်လင့်ချက်တွေပိုက်ထားတဲ့သူတွေကလဲအများကြီး။
ကဲဘယ်ဘက်ကရပ်တည်မလဲ၊ ကိုယ်ကိုယ်တိုင်ကောဘယ်လိုလူစားထဲမှာပါလဲ၊ မျော်လင့်ချက်တွေကောပြည့်စုံပြီလား၊ လိုအပ်ချက်တွေကိုကောသိပြီလား။
သေချာပါတယ်
အများကြီးကြိုးစားဖို့လိုမယ်၊အပေါ်ကိုရောက်ဖို့သိပ်စိတ်စောနေရင်၊ အောက်ဖက်ကိုကြည့်ဖို့မေ့နေတတ်တယ်၊ တကယ်တော့အောက်ဆုံးလှေခါးဆိုတာလူတိုင်း ရပ်ခဲ့ဘူးပါတယ်။ အဲဒီကမကျော်နိုင်ဘူးဆိုရင်တော့ သိပ်ညံ့နေသေးလို့ပါ။ စိတ်မညစ်ပါနဲ့ နောက်တခေါက် ပြန်တက်ဖို့ စသင့်ပြီ။